Wednesday, March 7, 2012

Downloading Movies from internet with RealPlayer

RealPlayer ကို အစကတော့ သုံးရတာ တော်တော် စိတ်ပျက်တယ်လို့ထင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက သီချင်း Format အားလုံးအတွက် Universal Player လုပ်ပြစ်တယ်။ တစ်ခါတလေမှာ anzv.tv က Korea, Chinese Movie နဲ့ Drama တွေကို ကြည့်တဲ့အခါ Winamp နဲ့ကြည့်မှအဆင်ပြေတယ်။ အဲလို အချိန်မှာ Movie ကြည့်ဖို့အတွက် Button ကို Click လုပ်လိုက်တိုင်း RealPlayer တက်လာရင် တော်တော်စိတ်ပျက်တယ်။ ဒါပေမဲ့ သူ့ခမျာမှာလည်း ကောင်းတဲ့နေရာလေးတွေမှာတော့ အတော့်ကို ကောင်းရှာပါတယ်။

အထူးသဖြင့် Online ကနေ Flash Movie တွေ Live Movie တွေကို Download လုပ်တဲ့နေရာမှာတော့ သူ့ကို ကျန်တဲ့ Software တွေ Downloader တွေ မမှီသလောက်ပဲ။ အဲဒီတော့ Flash Movie တွေကို RealPlayer နဲ့ ဘယ်လို Download ဆွဲချမလဲဆိုတဲ့ မေးခွန်းကပေါ်လာပါတယ်။ ဘာမှမခက်ခဲပါဘူး။ တကယ့်ကို အလွယ်လေးပါ။

၁။ RealPlaeyr ကို Download လုပ်ပြီး install လုပ်ပါ။

၂။ youtube.com သို့မဟုတ် မိမိနှစ်သက်မှာ Movie Site တစ်ခုမှ Video Clipe တစ်ခုကို ဖွင့်ပါ။

၃။ Movie စပြီး Play လုပ်တာနဲ့ Movie ပေါ် Pointer လေးကို Rollover လုပ်ကြည့်လိုက်ပါ။ Download Movie ဆိုတဲ့ Button လေးကို မြင်တွေ့ရပါလိမ့်မယ်။

၎။ အဲဒီ Button လေးကို Click တစ်ချက်နှိပ်လိုက်ရုံနဲ့ လတ်တလောကြည့်နေတဲ့ Movie Clipe ကို မိမိစက်ပေါ်ကို Download လုပ်ပေးသွားပါလိမ့်မယ်။

RealPlayer ရဲ့ Default Download Location ကိုကြည့်ချင်တယ်ဆိုရင် RealPlayer ရဲ့ Tools Menu ကိုသွားပါ။ ထို့နောက် Preferences ကိုရွေးပါ။ Preferences ရဲ့ ဘယ်ဘက် list အောက်ဆုံးမှာ Download and Recording ဆိုတာ ရှိပါတယ်။ အဲဒီမှာ မိမိစိတ်ကြိုက် Download Location နှင့် setting တွေကို ပြန်လည် ပြင်ဆင်ပေးနိုင်ပါတယ်။ Movie တွေအတွက် Recording Time ကို 8 Hours အထိ ခွင့်ပြုထားတာ တွေ့ရပါတယ်။