Wednesday, March 7, 2012

How to put HTML Tag/Code in Blogger Post

HTML Code တွေကို BlogPost တွေထဲမှာ ဥပမာအနေနဲ့ ထည့်ပြီးရေးတုန်းက ရွာပတ်ခဲ့ပါသေးတယ်။ အဲဒီတုန်းက ဘလော့ရေးခါစဆိုတော့ မသိသေးဘူး။ နောက်ပိုင်းမှ ဘယ်လိုလုပ်ရတယ်ဆိုတာ နားလည်လာတယ်။ အဓိက ပြဿနာဖြစ်တာက < (LessThan) နှင့် > (GreaterThan) ပါ။ Post မှာ ဒီတိုင်းပဲထည့်မယ်ဆိုရင် အဆင်ပြေမှာ မဟုတ်ပါဘူး။ အဲဒီ Tag တွေကို HTML Coding အနေနဲ့ သတ်မှတ်ပြီး အလုပ်လုပ်သွားမှာပါ။ အဲဒီတော့ သက်ဆိုင်ရာ EntityName/Number တွေနဲ့ အဲဒီ Tag တွေကို အစားသွင်းပေးမှ အဆင်ပြေမှာပါ။ ဥပမာ < ကို ဥပမာပေးချင်တယ်ဆိုရင် &lt; နဲ့အစားသွင်းပေးရမှာဖြစ်ပါတယ်။ အဲဒီလိုပဲ > ကို ဥပမာအနေနဲ့ပေးချင်တယ်ဆိုရင် &gt; နဲ့အစားထိုးရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ Entity တွေကိုတော့ HTML 4.01 Entities Reference မှာကြည့်နိုင်ပါတယ်။

ဥပမာပေးစရာ Coding တွေများတယ်ဆိုရင် Notepad မှာပါတဲ့ Find and Replace ကိုသုံးပြီး ပြောင်းနိုင်ပါတယ်။
  1. ဥပမာပေးမည့် Coding များကို Notepad မှာထည့်ပါ။
  2. Edit Menu မှာ Replace ကိုရွေးပါ။
  3. Find What: text box တွင် ပထမဆုံး < ကိုထည့်ပါ။ Replace with: text box တွင် < ကို အစားသွင်းမည့် &lt; ကိုထည့်ပါ။ ထို့နောက် Replace All ကိုရွေးပါ။
  4. > ကိုလည်း ထိုနည်း၎င်း &gt; ဖြင့် အစားသွင်းပါ။
  5. Replace လုပ်ပြီးသည့်နောက်တွင် Codeများကို Copy ကူး၍ Blogger ၏ Edit HTML View တွင် ထည့်သွင်းကာ အသုံးပြုနိုင်ပါသည်။

1 comments:

Lily said...

I Love your article. You cant visit my website
doodle alchemy mod apk

Post a Comment